Wednesday, 19 October 2016

CyberLink PowerDirector Ultimate 15.0.2026.0 [Latest]




CyberLink PowerDirector Ultimate 15.0.2026.0 Latest Version ဗွီဒီယို တည်ဖြတ် တဲ့ ဆော့ဝဲလ် မျှလိုက်ပါတယ်။ဝါဒနာရှင်ကနေ ပညာရှင်များအထိ အသုံးပြုရတာ အလွန်လွယ်တဲ့ ဆော့ဝဲလ် ကောင်းတစ်ခုပါ။frames ပေါင်းများစွာပါပြီး internet ရှိရင် မိမိတို့ gmail ဒါမှမဟုတ် FB အကောင့်ဖြည့်ပြီး frames ပေါင်းများစွာ ဒေါင်းယူအသုံပြုနိုင်ပါတယ်။ မိမိတို့ ကျွမ်းကျင်ရင် ကျွမ်းကျင် သလောက် လန်းနိုင်ပါတယ် အပျင်းပြေသလို တည်းဖြတ်ပညာရှင်တယောက်လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဖိုင်ဆိုဒ်ကတော့ 976 mb ကျော်ရှိပါတယ်။လိုအပ်ရင်အောက်မှာဒေါင်းယူနိုင်ပါတယ်။

Read more »

Friday, 14 October 2016

Arakan new

ရခိုင်လူမျိုးများကိုပါ ဆွဲထည့်ပြီး ထိခိုက်အောင် လုပ်မည်ဆိုပါက မိမိတို့လည်း တတ်နိုင်သည့် ဘက်မှ ကာကွယ်ရန် ကြိုးစားရမည်ဟု AA စစ်ဦးစီးချုပ် ပြော

ရန်ကုန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်ခြား စောင့်တပ်စခန်းများကို ဘင်္ဂါလီအကြမ်းဖက်အဖွဲ့တစ်ခုမှ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ရခိုင်လူမျိုးများကိုပါဆွဲထည့်ပြီး ထိခိုက်ေ အာင် လုပ်မည်ဆိုပါက မိမိတို့လည်း တတ် နိုင်သည့်ဘက်မှ ကာကွယ်ရန် ကြိုးစားရမည်ဟု AA မှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ် နိုင်က ပြောသည်။ ၂ဝ၁၆ခုနှစ် အောက်တိုဘာ ၉ ရက်က မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်စခန်းသုံးခုအား ဘင်္ဂါလီအကြမ်းဖက်အဖွဲ့တစ်ခုမှ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးတာ ဝန်ယူနေသော အရာထမ်းကိုးဦး သေဆုံးခဲ့ပြီး တချို့ဒဏ်ရာများ ရရှိခဲ့ကြသလို လက်နက်များလည်း ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

''ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ရခိုင်လူထုအပေါ် အစိုးရိမ်မလွန်ကြဖို့ ခံစားချက်တွေဦးစားပေးပြီးမှ နိုင်ငံရေးလှည့်ကွက်ထဲမှာ ကြားညပ်တဲ့သားကောင် မဖြစ်ဖို့အတွက် အထူးသတိထားဖို့လိုတယ်လို့ ကျွန်တော် မှာချင်ပါတယ်။ ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်အနေနဲ့လဲ အရင်ကဆိုရင် ကျွန်တော်တို့အဝေးကြီးမှာနေခဲ့တယ်။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေကိုပါ ဆွဲထည့်ပြီးတော့မှ အရမ်းထိခိုက်အောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့လဲ တတ်နိုင်တဲ့ဘက်က ကာကွယ်ဖို့ကြိုးစား ရမှာပါပဲ။ အဲဒီလိုပြောချင်ပါတယ်''ဟု AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

''တချို့ကိစ္စတွေမှာ ကျွန်တော်တို့ တခြားအနေအထားတွေလဲရှိတယ်။ အခု မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်က ငြိမ်းချမ်းရေးလုပ်နေရင်းနဲ့ အခြေအနေကပိုဆိုးလာတယ်။ အဲဒီအနေအထားမှာ မတည်ငြိမ်မှုတွေကို နည်း လမ်းတစ်မျိုးနဲ့ ပြဿနာအသစ်တွေကိုများ မီးမွှေးနေသလားဆိုတဲ့ဟာကိုလဲ စဉ်းစားစရာတစ်ခုအနေနဲ့ ကျွန်တော်တို့သုံးသပ်ထားတာလဲရှိတယ်''ဟု AAစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကဆက်ပြောသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် တော်လှန်ရေးအဖွဲ့အစည်းများ အများကြီးရှိပြီး ယခုလိုမျိုး လက်နက်ရာချီပြီးမှဆုံးရှုံးသွားခြင်း၊ တုတ်၊ဓားကိုင်ထားသည့်လူများဆီမှာ ပါသွားသည်ဆိုခြင်းမှာ သမိုင်း၌သိပ်မရှိဘဲ အင်မတန် မှဖြစ်ခဲကြောင်း၊ ထိုအချက်သည် နိုင်ငံရေး၏လှည့်ကွက်များလား စဉ်းစားစရာရှိနေကြောင်း ၎င်းကဝေဖန် သုံးသပ်ခဲ့သည်။

ချစ်မင်းထွန်း

#theyangontimes

Credit link;

http://www.yangonmedia.com/political/item/5549-arakanese-drawing-will-be-affe-drawing-will-be-affected-cted-if-it-must-try-to-prevent-their-possible-side-aa-chief

Read more »

Saturday, 8 October 2016

PowerISO 6.7 Full (x86/x64) Final



အားလုံးပဲမင်္ဂပါ PowerISO 6.7 Full (x86/x64) Final ဆော့ဝဲလေးကိုမျှပေးလိုက်ပါတယ် အခွေ Burn ဖို့

ဒီ Power ISO software က အရမ်း အသုံးဝင်တဲ့ software လေး ဖြစ်ပါတယ်။ မိမိ သိမ်းချင်တဲ့ Data ဖိုင်
တွေကို PowerISO ဆော့ဝဲလေးနဲ့ CD/DVD အခွေ ထဲ Burn ပြီး သိမ်းဆည်းထားလို့ ရပါတယ်။

ဒါ့ အပြင် MP3/AVI/ISO/MPEG/MP4 အစရှိတဲ့ ဖိုင်တွေကို DVD အခွေထဲ Burn လို့ ရပါတယ်။

သုံးရတာလည်း အရမ်းကို လွယ်ကူ ပါတယ်။

ISO ဖိုင်တွေကို Extract လုပ်နိုင် ပါသေးတယ်။ ပြီးတော့ အခြား Data ဖိုင်တွေ ကိုလည်း ISO ဖိုင်အဖြစ်
Archive လုပ်နိုင်ပါသေးတယ်။ ထို့ အပြင် ISO ဖိုင်များကို CD/DVD/USB Stick များမှာ Bootable Image
အဖြစ် Burn နိုင်သောကြောင့် လူတိုင်း ဆောင်ထားသင့်ပါတယ်။

ဆောဝဲကို Install လုပ်တဲ့ခါ မိတ်ဆွေတို့ရဲ့စက်မှာ Internet connection ကိုပိတ်ထားရမှာဖြစ်ပါတယ်။ လိုအပ်သူများအောက်လင့်မှာဒေါင်းယူသုံးပြုနိုင်ပါပြီ


Read more »

PowerISO v5.4 ( ISO Image Files တွေကို ဘယ်လို Burn , Compress (ချုံ့) , Mount မလဲ )




ဒီကောင်လေးကို Install ပြီးတဲ့အခါ အောက်ကပုံအတိုင်း နောက်ဆုံးမှာ ပေါ်လာရင် A, B, C အတိုင်း လုပ်ပေးလိုက်ပါ..


ပြီးရင်တော့ Desktop မှာပေါ်လာတဲ့ သူ့ရဲ့ Icon လေးကို ၂ချက်တောက်ဖွင့်ပြီး အောက်ကပုံအတိုင်း လုပ်ပေးလိုက်ပါ..



အပေါ်ပုံအတိုင်း အထဲမှာ ပါလာတဲ့ Key လေးကို ထည့်ပေးပြီး Full သုံးလို့ ရအောင် လုပ်ပေးလိုက်ပါ..။ ဖူးဖြစ်သွားရင်တော့ အောက်ကပုံအတိုင်း ISO ဖိုင်ကို CD/DVD နဲ့ အခွေကူးလို့ ရပါပြီ.. 2 နေရာကို နှိပ်လိုက်ရင် 3 နေရာမှာပြထားသလို မိမိတို့ Burn ချင်တဲ့ ISO Image ဖိုင်ကို သွားရွေးပေးရမှာပါ.. ကျနော့်မှာ ရှိပြီးသားဖြစ်တဲ့ Windows 7 ISO ဖိုင်နဲ့ လုပ်ပြထားတာ ဖြစ်ပါတယ်..။


အပေါ်ပုံအတိုင်း ISO ဖိုင်ကို ယူပြီးရင် အောက်ကပုံအတိုင်း DVD ရွေးပေပြီး Burn ကိုနှိပ်ပါ.. 


အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Verify နေရာမှာ အမှန်ခြစ်ပေးဖို့ မမေ့ပါနဲ့.. အဲ့ဒါပြီးတာနဲ့ DVD အခွေအသစ်ထည့်ပါ.. ပြီးရင် Burn ကို ဆက်နှိပ်ပေးလိုက်ရင် ISO ဖိုင်ကို အခွေ Burn ပေးပါလိမ့်မယ်.. အခွေကူးပြီးသွားရင် သူ့ဖါသာ အခွေထုတ်ပေးတာကို စောင့်နေလိုက်ပါ.. 


အပေါ်ကတော့ ISO Image File ကို CD/DVD နဲ့ အခွေကူးတာ ပြီးသွားပါပြီ.. အောက်ကပုံကတော့ Compress နဲ့ ISO ဖိုင်ကို ပုံမှန်ထက် နည်းနည်းသေးအောင် ချုံ့ပစ်လိုက်လို့ ရပါတယ်.. မိမိတို့ အခွေကူးမယ့် ISO ဖိုင်ဟာ DVD တချပ်စာထက် အနည်းငယ်ပိုများနေရင် ဒီနည်းနဲ့ ချုံ့ကြည့်ပြီး.. DVD တချပ်စာနဲ့ အဆင်ပြေပြီဆိုရင် အခွေကူးလို့ ရပါတယ်.. အောက်ကပုံအတိုင်း နှိပ်သွားလိုက်ရင် 3 နေရာမှာ ချုံ့လိုက်လို့ ပြန်ထွက်လာမယ့် ISO ဖိုင်ကို သိမ်းမယ့်နေရာ သွားပြပေး၊ နေရာယူပေးရမှာ ဖြစ်ပါတယ်..။ 4 နဲ့ 5 အတိုင်း ဖိုင်တခုဖွင့်ပြီး သိမ်းလိုက်ပါတယ်..


ဖိုင်သိမ်းဖို့ နေရာယူပြီးရင်တော့ အောက်ကပုံအတိုင်း A, B ကို နှိပ်ပေးလိုက်ပါ..  



အပေါ်ပုံအတိုင်း အလုပ်လုပ်တာ ပြီးသွားရင်တော့ အောက်မှာ ချုံ့လိုက်တဲ့ ဖိုင်လေးရလာပါပြီ.. မူရင်း ဖိုင်ထက် နည်းနည်းတော့ ပိုသေးသွားပါတယ်..  ဒီမှာတော့ လုပ်နည်းကို ပြပေးတာပါ.. DVD တချပ်စာနဲ့ မိမိတို့ ပြုလုပ်ချင်တဲ့ဖိုင် အဆင်ပြေ မပြေ ဆိုတာ မိမိတို့ကိုယ်တိုင် စမ်းကြည့်၊ တိုင်းကြည့် ရမှာပါ..


အပေါ်အတိုင်း ချုံ့နည်းပြီးရင်တော့ အောက်ကပုံတွေက ဘယ်လို Mount ရမလဲဆိုတာ ဆက်ကြည့်လိုက်ပါအုန်း.. Mount တယ်ဆိုတာ တနည်းအားဖြင့် CD/DVD မရှိတဲ့ စက်တွေ၊ ROM မကောင်းတာ့တဲ့ စက်တွေမှာ ISO ဖိုင်တွေကို CD Drive တခုဖန်တီးပြီး.. ဥပမာ ISO Windows ဖိုင်တွေကို ဒီနည်းနဲ့ အခွေမကူးပဲ ISO Windows File ကနေ ဝင်းဒိုးတင်လို့ ရတဲ့ နည်းလေးပါပဲ.. ဒီနည်းက DVD Drive မကောင်းတော့တဲ့၊ မရှိတဲ့ လူတွေအတွက်တော့ အတော်လေး အသုံးဝင်မယ့် နည်းလေးပါ.. အောက်ကပုံအတိုင်း Mount နေရာကို ကလစ်ပါတယ်..


အောက်ကပုံအတိုင်း ပေါ်လာရင် စက်ကို ပိတ်ပြီး ပြန်ဖွင့်ခိုင်းတာ ဖြစ်တဲ့ အတွက် OK ပေးပြီး.. Start ကနေသွားပြီး Restart လုပ်ပေးလိုက်ပါ..


စက်ပြန်ပွင့်လာရင် ဒီကောင်လေးရဲ့ Icon ကို၂ချက်တောက်ပြီး ပြန်ဖွင့်ပါ.. အပေါ်ပုံအတိုင်း Mount နေရာကနေ ပြန်ဝင်လိုက်ပါ..


အောက်ကပုံအတိုင်း Open ဘောက်စ်ပေါ်လာရင် မိမိတို့ အသုံးပြုလိုတဲ့ ISO ဖိုင်ကို သွားရွေးယူလိုက်ပါ..။ My Computer ကို၂ချက်တောက် ဖွင့်ကြည့်လိုက်ရင် အောက်ကပုံမှာပြထားတဲ့ အတိုင်း CD Drive (M) တခုအပိုပေါ်နေပါပြီ.. ဟိုဘက်က ယူလိုက်တဲ့ ISO ဖိုင်ရဲ့ ဆိုဒ်က ဒီဘက်က CD Drive မှာ ပေါ်လာပါပြီ.. ဒါဆိုရင် အလုပ်လုပ်လို့ ရသွားပါပြီ..  


အောက်ကပုံအတိုင်း CD Drive (M) ပေါ်မှာ Right Click ထောက်ပြီး Install or run နေရာကို နှိပ်ပေးလိုက်ရင် အောက်ဆုံးပုံအတိုင်း ဝင်းဒိုးတင်လို့ ရမယ့်ဘောက်စ်ပေါ်လာပါပြီ..



Install Now ကိုနှိပ်လိုက်ရင်တော့ CD/DVD နဲ့ ဝင်းဒိုးတင်တဲ့ အတိုင်း တဆင့်ပြီးတဆင့် လုပ်ပေးလိုက်ယုံပါပဲ.. ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..


                                             Download Here
Read more »

Friday, 7 October 2016